Blog တည်ထောင်သူအကြောင်း

ကျွန်တော့်အကြောင်းကတော့ သမားရိုးကျ ပါပဲ ။ သိပ်ပြီးထွေထွေထူးထူးမရှိလှပါဘူး။ iPhone 3G လေးတစ်လုံးလက်ဆောင်ရပြီးကတည်းက စပြီးလေ့လာခဲ့တယ်ပေါ့ဗျာ။( လက်ဆောင်ရတယ်ဆိုလို့သိပ်လည်းအထင်မကြီးကြပါနဲ့ သူများမကိုင်ချင်လို့ ရလာတဲ့ ခပ်နွမ်းနွမ်းလေးပါ) iPhone 3G ဆိုတော့ဗျာ iOS version က 4.2.1 ကဂိတ်ဆုံးပဲတင်လို့ရတယ်ဗျ။ အဲဒီအချိန်မှာ iPhone 5 ထွက်ကာစဆိုတော့ ဂိမ်းတွေ application တွေက သူ့ထက်ငါအပြိုင်အဆိုင် လုထွက်နေကြတာ ဂိမ်းတစ်ခုကိုကြည့်လို့မိုက်တယ်ဆိုပြီးdownload ချမယ်ကြည့်လိုက် အနည်းဆုံးလိုအပ်တဲ့ဗားရှင်းက 5.0.1 တဲ့ 4.3 တောင်မှခပ်ရှားရှားရယ်။ ကျွန်တော်ကလည်း ဆိုင်ပို့ပြီးသွင်းရအောင်လည်း သွင်းတဲ့ဈေးက တစ်သောင်းဆိုတော့ မြောက်တယ်လေ။ jailbrake လုပ်ထားရင်cracked app တွေသွင်းလို့ရတယ်ဆိုကိုလည်းသူငယ်ချင်းတစ်ယောက်က ပြောပြထားတာသိနေတော့ အွန်လိုင်းမှာပဲ မွှေနှောက်ရှာဖွေရင်းနဲ့ပဲသူများတွေကို ပြန်မျှဝေလို့ရလောက်တဲ့အထိသိလာတာပါ။ ကျွန်တော့်အကြောင်းကိုမျက်စိအညောင်းခံပြီးဖတ်ပေးခဲ့တဲ့ ဒီ page ကိုလာတဲ့ဧည့်သည်တွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

Like Me At Facebook