Monday, February 24, 2014

မြန်မာနိုင်ငံ အလံ Zepplin များ

တောင့်တနေကြတယ့် မြန်မာနိုင်ငံ အလံ Zepplin 7မျိုး တင်ပေးလိုက်ပါပြီ ခင်ဗျာ။
ထို Zip လေးကို Password ခံထားပြီး Password မှာ free4ios ပဲဖြစ်ပါတယ်။
သွင်းနည်းအဆင့်ဆင့်ကတော့

ပထမဆုံး Cydia မှ Zepplin ကို install လုပ်ပါ။ Zip ကို Download ဆွဲပါ.
ထို့နောက်Zip ကိုဖြည်ပါ။
ပြီးလျှင် Itools,Ifunbox,ifile တို့ကို အသုံးပြု၍ /library/Zepplin ထဲသို့ Folder 7 ခုလုံးကူးထည့်ပေးပါ။ ဒါဆိုလျှင်ရပါပြီ ။
Download Link ကတော့
https://www.mediafire.com/?zsw6fse8u9c7uii


 




Saturday, February 1, 2014

PPSSPP ဆိုတဲ့ Application လေးနဲ့ PSP Game တွေ ကစားရအောင်

ဒီနေ့ ကျွန်တော် တင်ပြချင်တာလေးကတော့ PSP game တွေကို သင့်ရဲ့ ios device မှာကစားလို့ရအောင်လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်။
ပထမဆုံး PPSSPP.ipa ဆိုတဲ့ cracked app လေးကို အောက်ပါလင့်ခ် ကတဆင့် download ဆွဲယူလိုက်ပါ။
ထို app လေးကို ရ ရင် တော့ သင်တို့ရဲ့ ကွန်ပျူတာ မှ iTools , ifanbox ကဲ့သို့ ဆော့ဖ်ဝဲ များနှင့် သွင်းနိုင်ပါတယ် ။
ဒါမှမဟုတ် ဖုန်းနဲ့တင် download လုပ်ပြီး ipainstaller သို့ မဟုတ် app cake ကဲ့သို့ app ထဲကို ifile ကိုအသုံးပြုပြီး ဆွဲထည့်၍ install လုပ်နိုင်ပါတယ် ။

အဲဒီနောက်မှာတော့ သင်တို့အတွက် PSP game file , ISO file တွေ ကို download ဆွဲရပါတော့မယ် ။ မဆွဲချင်တဲ့ လူတွေကတော့ software အခွေဆိုင်တွေမှာ PSP game အခွေတွေကို ဝယ်ယူနိုင်ပါတယ်။ 
ကိုယ်တိုင် download ဆွဲချင်သူတွေအတွက် အောက်ပါလင့်ခ် ကနေဒေါင်းယူရရှိနိုင်ပါတယ်။
Google မှာလည်း ရှာဖွေနိုင်ပါတယ် ။

ထို့နောက် ဒေါင်းထားတဲ့ ISO game file တွေကို I device ထဲက /var/mobile/application/ထဲမှာ my PSP game ဆိုပြီးတော့ folder တစ်ခုတည်ဆောက်ပြီးကူးထည့်လိုက်ပါ။

ပြီးလျှင် PPSSPP App ထဲကိုဝင်လိုက်ပါ။


အပေါ်ဆုံးဘားတန်းလေးက game ဆိုတာလေးနှိပ်ပြီး ခုန ISO file ထားတဲ့နေရာကို ရွေးပေးပါ။


ထိုအခါမှာတော့ မိတ်ဆွေတို့သွင်းထားတဲ့ ISO file ကို ခုလိုပုံစံထဲကအတိုင်း မြင်ရမှာပဲဖြစ်ပါတယ်။
ပျော်ရွှင်စွာကစားနိုင်ပါပြီ (မှတ်ချက် အချို့ဂိမ်းများသည် ဝင်လိုက်ရင် crashed ဖြစ်ဖြစ်သွားတတ်ပါသည် သို့သော် ခနခန ပြန်ဝင်ပေးပါက ကစားလို့ရပါသည်။)

Thursday, September 19, 2013

iOS 7 official is available here!!

အားလုံးမျှော်လင့်ကြတဲ့ ios 7 official farmware ဒီမှာရပါပြီ
အောက်ပါလင့်ခ်များမှ တိုက်ရိုက် ဒေါင်းယူနိုင်ပါသည်




==================

WARNING!!
==================

သင်ဟာ ios 7 ကိုတင်ချင်တယ်ဆိုလျှင်တော့ သင့်ကွန်ပျူတာတွင် itune ဗားရှင်းသည်11.1 နှင့်အထက် ရှိနေရမည်ဖြစ်ပြီး သင့် Device ဟာလည်း jailbrake မလုပ်ထားတဲ့ device ဖြစ်နေရမှာဖြစ်ပါတယ်

:: iOS 7 Download Links ::




iPad mini (CDMA) (GSM) (WiFi)
iPhone 4 (GSM Rev A) (GSM) (CDMA)
iPhone 4s (LINK)
iPhone 5 (CDMA)(GSM)
iPod touch 5g (LINK)



တကယ်လို့ သင့် device ဟာ jailbrake ဖြစ်နေခဲ့မယ်ဆိုရင်တော့ သင့် device ရဲ့ ios7 မထွက်ခင် နောက်ဆုံးထွက်ရှိတဲ့ဗားရှင်းကိုအရင်ပြန်တင်ပေးပါ အောက်ပါလင့်မှဒေါင်းယူနိုင်ပါသည်

iPhone / iPod touch / iPad / Apple TV Firmware Direct Download

 

Sunday, August 18, 2013

Itune မလိုတော့ဘဲ App တွေ အလကားသွင်းရအောင် ( For Jailbrake & Non Jailbrake )

ကျွန်တော် အရင်ကလို PDF နဲ့ရေးမတင်ဖြစ်တာကတော့ ဖတ်ရတဲ့လူတွေမှာ အခက်အခဲလေးတွေ ဖြစ်ဖြစ်နေတတ်လို့ ကျွန်တော် အခုလို ရေးတင်လိုက်ရတာကို ပနာမ တင်ပြချင်ပါတယ်ခင်ဗျာ...

ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Paid App တွေကို itune ကနေ ဝယ်ယူနေစရာမလိုတော့ပဲ အခမဲ့ရရှိမဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခုလောက်အကြံပြုချင်တာက တော့ လူတွေ ဘာကြောင့် Jailbrake လုပ်သလဲဆိုတဲ့မေးခွန်းလေးပါပဲ ။အဖြေကတော့ နှစ်မျိုးထွက်ပါတယ် ။ တချို့က တော့ မြန်မာဖောင့်လိုချင်လို့ မြန်မာလို Contact လေးတွေ ရေးချင်လို့ မြန်မာစာဖတ်ချင်လို့ အစရှိသည်ဖြင့်ပေါ့။ နောက်တချို့ကြတော့ Cracked App တွေသွင်းပြီးဆော့ချင်လို့ ဆိုတဲ့ တစ်ခုတည်းသော အချက်ပါပဲ ။ မိတ်ဆွေကော ဘယ်အမျိုးအစားထဲမှာပါပါ သလဲ။ Jailbrake လုပ်တဲ့နေရာမှာ သင့် IDevice ရဲ့လုပ်ဆောင်မှုတွေ ကျဆင်းသွားတာ သင်သိပါသလား ။ တစ်အချက်ကတော့ သင့် IDevice ပျောက်ဆုံးခဲ့လျှင် Finemyiphone app ကို အသုံးပြုလို့မရတော့တာပါပဲ ။ နှစ်အချက်ကတော့ သင့်ဖုန်းဟာ Jailbrake မလုပ်ထားရသေးတဲ့ IDevice ထက် လုပ်ဆောင်မှုနှေးကွေးသွားမယ် ... ဟမ်းတယ်ပေါ့ဗျာ ။ နောက်တစ်ခုကတော့ Cydia ကနေပြီးတော့ Sources တွေ Update လုပ်ရမယ်..အသစ်တွေထပ်တိုးရမယ်အစသည်ဖြင့်ရှိတယ်.. အဲဒါကို တချို့တချို့သောလူတွေက မလုပ်တတ်ကြတော့ နောက်ဆက်တွဲအနေနဲ့ကတော့ ဆိုင်ပို့ရတဲ့အထိ ဖြစ်လာပါလိမ့်မယ် ။ ထို့ကြောင့် မြန်မာလို Website တွေကို ဖတ်ချင်တယ်ဆိုလျှင်တော့ Mogok App ကိုသာ သုံးပါ ။ မြန်မာလို ရေးချင်လျှင် Myanmar Keyboard lite ကို အသုံးပြုပါ ။ နှစ်ဆင့်လောက်သွားရတာလေးကို မမြင်ပါနဲ့ ... နောက်ဆက်တွဲပြသနာလေးတွေကိုသာ သတိထားပေးစေလိုပါတယ် ... ကဲခုလည်း Cracked App တွေကို သွင်းလို့ရတဲ့နည်းလေးတွေ့တော့ ဘာလိုသေးလို့တုန်းဗျာ..

အရင်တုန်းက ပေါ်ခဲ့တဲ့ PP Store ဟာ သင့် IDevice က Itune နဲ့ Sync လုပ်ထားပါက သွင်းလို့မရခဲ့ပါဘူး ... ဒါပေမဲ့ ခုနောက်ဆုံးထွက်ရှိတဲ့ PP Store ကတော့ အားလုံးကို လုပ်ဆောင်ခွင့်ရအောင် ပြင်ဆင်ထားပါတယ် .။ အခက်အခဲမရှိ အဆင်ပြေပါလိမ့်မယ်။

သွင်းနည်းလေးကို တင်ပြပါပြီ..

အရင်ဆုံး သင့် PC မှာ Itune ကတော့ရှိနေရမှာဖြစ်ပါတယ်
မရှိရင်တော့ အောက်က ပုံလေးကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ ....

 

ထို့နောက် PPstore ကို ဒေါင်းလုပ်ဆွဲလိုက်ပါ 
အောက်မှာတင်ထားပေးပါတယ်..

 

ထို့နောက် PP Store ကို သင့်ကွန်ပျူတာ ပေါ်မှာ Install လုပ်လိုက်ပါ။

PP Store ကတော့ တရုတ်ဗားရှင်းဆိုတော့ တရုတ်လိုတွေချည်းဖြစ်နေပါလိမ့်မယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ကျွန်တော်ပြတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက် ရင် လွယ်ကူပါလိမ့်မယ်...


ပထမဆုံး သင့်ရဲ့ IDevice ကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ . 
ထို့နောက် Ihelper.exe( PP Store ) ကို ဖွင့်လိုက်ပါ ...
အောက်ပါပုံစံအတိုင်းတက်လာပါလိမ့်မည် ။ ထိုနေရာတွင် သင့် IDevice ကိုရွေးချယ်လိုက်ပါ.




၁။ အနီရောင် မြားပြထားသည့်နေရာကို နှိပ်လိုက်ပါ တစ်ဖက်ပါပုံစံအတိုင်း သင့် IDevice ကို မြင်တွေ့ရပါမည်.
၂။ အနီရောင်ဖြင့် ကွင်းပြထားသည်. ပုံလေးကို နှိပ်လိုက်ပါ .။ ထိုအချိန်တွင် သင့်ကွန်ပျူတာ တွင် အင်တာနတ် ချိတ်ဆက်ထားရပါမည်.။

၃။ထို့နောက် လိမ္မော်ရောင် ကွင်းပြထားသည့် ပုံလေးကို နှိပ်လိုက်ပါ .။ ထိုအချိန်တွင် သင့်ကွန်ပျူတာ တွင် အင်တာနတ် ချိတ်ဆက်ထားရပါမည်.။

နံပါတ် ၁ လုပ်ငန်းစဉ် ဒီတွင်ပြီးပါပြီ ကဲ ဆက်ကြည့်လိုက်ရအောင်.. 

ပုံ။   ။ ၁

အနက်ရောင်ဖြင့် ကွင်းပြထားသည့်နေရာကတော့ jailbroken Device တွေအတွက် Cracked App တွေဒေါင်းတဲ့နေရာပါ

အနီရောင်ကွင်းလေးကတော့ Cydia Deb File တွေ ဒေါင်းတဲ့နေရာပါ

အစိမ်းရောင်ကွင်းကတော့ Non Jailbroken Device တွေအတွက် Cracked App တွေဒေါင်းတဲ့နေရာပါ

အပြာရောင်ကွင်းကတော့ တရုတ် Itune Account ဖြင့် Copyright App တွေဒေါင်းတဲ့နေရာပါ

ခရမ်းရောင်လေးကတော့ သီချင်းတွေ ဒေါင်းတဲ့နေရာပါ

ကျွန်တော်တို့အသုံးပြုမှာကတော့ အစိမ်းရောင် ကွင်းလေးပဲဖြစ်ပါတယ် ။

နောက်ထပ် တရုတ်စာလေးနဲ့ရေးထားတာလေးတွေ အရင်ဆုံးရှင်းပြပါရစေ

 ပုံ။   ။၂



 အနက်ရောင်ကွင်းလေးကတော့ သင်ဒေါင်းနေဆဲ App တွေပဲဖြစ်ပါတယ်
အနီရောင်လေးကတော့ သင့်ကွန်ပျူတာမှာ ဒေါင်းထားပြီးသား PPapp တွေပဲဖြစ်ပါတယ်။
အပြာရောင်လေးကတော့ သင်ဒေါင်းထားတဲ့ သီချင်းဖိုင်လ်လေးတွေပါ။
အစိမ်းရောင်လေးကတော့ ဗွီဒီယိုဖိုင်လေးပါ
ခရမ်းကတော့ Ringtone
လိမ္မော်ကတော့ ဓါတ်ပုံ
ပန်းရောင်ကတော့ စာအုပ်
ခဲရောင်ကတော့ IOS Farmware တွေပဲဖြစ်ပါတယ် .

ခုနကကျွန်တော်တို့ရွေးချယ်ရမယ်ဆိုတဲ့ ပုံ။   ။ ၁ က အစိမ်းရောင်ကွင်းလေးပြထားတဲ့ စာလေးကို နှိပ်လိုက်ပါ အားလုံးထဲမှာ သိသာအောင် သူက အနီရောင်လေးနဲ့ဖော်ပြထားပေးပါတယ်

အပေါ်လေးမှာ Search Box လေးရှိပါတယ် ထိုထဲမှာ PP လို့ရိုက်ပြီး ရှာလိုက်ပါ အောက်ပါပုံလေးအတိုင်းတက်လာပါလိမ့်မည်...



 အနီရောင်ဖြင့်ကွင်းပြထားသည့် ဖိုင်လေးကို ဒေါင်းလိုက်ပါ .. ထိုနေရာတွင် တရုတ်လိုရေးထားသောနှစ်ခုကို ရှင်းပြပါရစေ..

 


 အရှေ့ကတစ်ခုကတော့ Download ပါ နောက်ကတစ်ခုကတော့ Download and install ပါ ကျွန်တော်တို့ Download ကိုပဲရွေးချယ်ရအောင်..

ဒေါင်းလုပ်ဆွဲပြီးတဲ့အခါမှာတော့  ပုံ ။  ။ ၂ က အနီရောင်ကွင်းပြထားတဲ့ နေရာလေးကိုနှိပ်လိုက်ပါ 

 
ထို့နောက် ဘေးမှာပြထားတဲ့ အစိမ်းရောင် အပြာရောင် အစရှိတဲ့ခလုပ်လေးကို နှိပ်လိုက်ပါ . ထိုနေရာတွင် တစ်ခုပြောစရာရှိပါတယ် . ကျွန်တော့် IDevice မှာ သွင်းပြီးသားဖြစ်နေတာကြောင် အပြာရောင်လေးပြနေတာဖြစ်ပြီး သင့် IDevice မှာ မသွင်းရသေးရင်တော့ အစိမ်းရောင်ပြနေမှာဖြစ်ပါတယ်.. အပြာရောင်လေးကတော့ Reinstall ဖြစ်ပြီးတော့ အစိမ်းရောင်လေးကတော့ Install ဆိုတာကို ကိုယ်စားပြုတာပါ . .. ထို့နောက်သင့် IDevice မှာ PP Store ကို သွင်းလို့ပြီးသွားပါပြီ.. 
အကယ်လို့ သင်က ကွန်ပျူတာနဲ့ ဒေါင်းပြီးသွင်းချင်တယ်ဆိုရင်တော့ PP Store ကို IDevice အတွက်ရှာသလိုမျိုး သင်လိုချင်တဲ့ App တွေကို ရိုက်ထည့် ရှာယူ သွင်းလို့ရပါပြီ.. သင့်ရဲ့ itune account ကို သင်မေ့လို့ရပါပြီ...

ဖုန်းဖြင့် သွင်းနည်း
ပထမဆုံး သင့်ရဲ့ အင်တာနတ်ချိတ်လိုက်ပါ . 3G/2G ဒါမှမဟုတ် Wifi ဖြင့်အင်တာနတ် ချိတ်ဆက်လိုက်ပါ ။ ထို့နောက်

IDevice က PP Store ကို ဖွင့်လိုက်ပါ.


ထို့နောက်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မည်. အနီရောင်ဖြင့်ကွင်းကွင်းပြီး ကျွန်တော်ရှင်းပြထားပါသည်..

 

အပေါ်ပုံတွင် အစိမ်းရောင်အဝိုင်းကွင်းဖြင့်ပြထားသော နေရာတွင် အပြာရောင်ခလုပ်လေးကတော့ Redownload ဖြစ်ပြီး အဖြူရောင်ဆိုပါက Pause Download ကို ရည်ညွှန်းပါသည်။ 
ယခုအချိန်မှစတင်ပြီး သင် ဒေါင်းလိုရာ ဒေါင်းနိုင်ပါပြီ.. 
တကယ်လို့ သင့်ရဲ့ Idevice က itune နဲ့ ချိတ်ဆက်ဖူးခဲ့ရင်တော့ ဖုန်းနဲ့သွင်းရတာမှာ အခက်အခဲဖြစ်တတ်ပါတယ် .. ကွန်ပျူတာနဲ့သွင်းတာအကောင်းဆုံးပါပဲ လို့အကြံပြုချင်ပါတယ်

Free 4 IOS သို့ကြွလှမ်းလာကြသော မိတ်ဆွေများ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် လိုရာဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေဗျာ .. 

အားလုံးအတွက်အစဉ်ကြိုးစားလျှက် Free 4 IOS

Like Me At Facebook